

ConceptX International School ၏ 2026 – 2027 စာသင်နှစ်အတွက် ကျောင်းတက်၊ ကျောင်းဆင်း ချိန်အတွင်း အများပြည်သူသွားလာရာလမ်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းနောက်ကျမှု မရှိစေရန်နှင့် ဘေးအန္တရာယ် ကင်းရှင်းစေရန်တို့ကို ရည်ရွယ်၍ အောက်ပါ Traffic Management Plan အား သတ်မှတ်စီစဉ်ထားပါသည်။ နေ့စဉ် ကျောင်းပို့/ ကျောင်းကြို ခြင်း လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်စေရန်အတွက် မိဘအုပ်ထိန်းသူများမှ ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် ကြိုတင်အသိပေး ကြေညာအပ်ပါသည်ခင်ဗျာ။
----------
✅Traffic Management Plan ကျင့်သုံးမည့် Campus
Pawsan Campus
✅Location
No. 1/A, Pawsan hmwe Street, Thuwunna, Thingangyun Township, Yangon
✅Total Entry gate
Gate 1, 2, 3, 4
✅Total Exit Gate
Gate 1, 2, 3, 4
----------
📌Entry System
• ကျောင်းကြို/ပို့ ယာဉ်များ၊ ဝန်ထမ်းကြို/ပို့ ယာဉ်များနှင့် ဝန်ထမ်းမော်တော်ယာဉ်များသသည် ကျောင်းမှသတ်မှတ်ထားသည့် လမ်းကြောင်းများအတိုင်းသာ မောင်းနှင်ရပါမည်။
• Maximum Speed Limit ကို 10 km/h သတ်မှတ်ထားပြီး Security Guard မှ Vehicle Check နှင့် Traffic Control ပြုလုပ်မည်။
📌Drop-Off Procedure
• Student Drop-Off Zone တွင် တင်/ချ ပြုလုပ်ချိန် အများဆုံး(၁)မိနစ် သတ်မှတ်ထားပါသည်။
• Drop-Off Zone တွင် ယာဉ်နှစ်ထပ် အချိန်ကြာမြင့်စွာ မရပ်ရပါ။
📌Traffic Rules
• Speed Limit 10 km/h ကို လိုက်နာရမည်။
• School Traffic Control Team ၏ ညွှန်ကြားချက်ကို လိုက်နာရမည်။
• No Parking Zone တွင် မည်သည့်ယာဉ်မျှ မရပ်ရ။
• Student Crossing ကို ဦးစားပေးရမည်။
• School Bus Area ကို Parent Vehicle မဝင်ရ။
• One-Way Traffic Flow System အသုံးပြုမည်။
• Security Guard ၏ စီစဉ်မှုဖြင့်သာ U Turn ပြုလုပ်ခွင့်ပြုမည်။
ပူးပေါင်းပါဝင်မှုအတွက် အထူးပင် ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။

ConceptX – Dagon Township တွင် ကျောင်းတည်နေရာအသစ်
ရန်ကုန်မြို့နယ်ရဲ့ အချက်အချာကျတဲ့နေရာမှာတည်ရှိတဲ့ The Mind Campus တွင် 2026 ခုနှစ် June Intake အတွက် စတင်ကျောင်းအပ်နှံနိုင်ပြီဖြစ်ပါတယ်။ Primary 1 မှ Primary 4 အထိ တက်ရောက်နိုင်မှာဖြစ်ပြီး ယခု Intake အတွက် Special Promotion များနှင့် ကျောင်းလခသက်သာခွင့် အခွင့်အရေးများလည်း ရရှိနိုင်မှာဖြစ်ပါတယ်။
ကျောင်းတည်နေရာကတော့ အမှတ်-၆၈၊ ခရေပင်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့မှာဖြစ်ပြီး ကျောင်းသား/သူများအတွက် ပိုမိုအဆင်ပြေသော သင်ကြားရေးပတ်ဝန်းကျင်ကို ပေးနိုင်ရန် စီစဉ်ထားပါသည်။
မိဘများအနေဖြင့် မိမိတို့ကလေးများအတွက် ကောင်းမွန်သော ပညာသင်ကြားရေး ပတ်ဝန်းကျင်တစ်ခုတွင် စတင်ပေးလိုပါက ယခုပဲ ConceptX မှာ ကျောင်းအပ်နှံနိုင်ပါပြီခင်ဗျာ။
-------------
𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐅𝐨𝐫𝐦 𝐋𝐢𝐧𝐤
(စာရင်းပေးသွင်းရန်လင့်ခ်)
https://forms.gle/QrMqtbVBqcFuXp798
Registration
Deadline: 20 February 2026
------------
The Mind 𝐂𝐚𝐦𝐩𝐮𝐬 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧
အမှတ်-၆၈၊ ခရေပင်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
Google Map မှ တစ်ဆင့်လာရန် - https://maps.app.goo.gl/WBF2u8ErMDeWz1Tv7
18 Mar, 2026